မင်းသမီးကြီး ဒေါ်မြင့်မြင့်ခင်သည် သူမပါဝင် သရုပ်ဆောင်ရသော ဇာတ်ကားတိုင်းတွင် ကျရာနေရာမှ တာဝန် ကျေပွန်စွာ သရုပ်ဆောင်နိုင်ခဲ့သူ တစ်ဦး အဖြစ် မှတ်တမ်းတင် ရပေမည်။ မင်းသမီးကြီးသည် လူတန်းစား အသီးသီး၊ အလွှာအသီးသီး၏ သဘောကို ပေါ်လွင်စွာ ဖန်တီး သရုပ်ဆောင်ပြ နိုင်စွမ်းရှိသူ ဖြစ်သလို ထူးချွန်ဆု မရရှိခဲ့သော်လည်း သရုပ်ဆောင်ချက်များ ပေါ်လွင်အောင် ရိုက်ကူးနိုင်ခဲ့သော ဇာတ်ကားကောင်း များကို စာရေးသူမှ ရှာဖွေ မှတ်တမ်း တင်ထားမိသည်။
















